Upstander - သူတပါးကို အထောက်အခံပေးသူ (Burmese)

သူတပါးကို အထောက်အခံပေးသူ အဖြစ် လုပ်ကြပါ။, ဘေးမှရပ်ကြည့်နေသူ မလုပ်ပါနဲ့ ။

 

သူတပါး (အထူးသဖြင့် အနိုင်ကျင့်စော်ကားမှုကို ခံသူ) ကို အထောက်အခံပေးသူ အဖြစ် ဘယ်လိုလုပ်ရမလဲ ?

 

မင်းအနေနှင့် အနိုင်ကျင့် စော်ကားမှုကို တားဆီးရန် စွမ်းအားရှိပါသည်။

ကျောင်းနေဖက်များအနေဖြင့် စပ်ကြားပြုလျှင်၊

အနိုင်ကျင့်စော်ကားမှု တစ်၀က်ကျော် (၅၇ ရာခိုင်နှုန်း) ကို တားဆီးနိုင်သည်ဟု သုတေသနရလဒ်မှ ပေါ်ြပပါသည် ။

 

သူတပါး (အထူးသဖြင့် အနိုင်ကျင့်စော်ကားမှုကို ခံသူ) ကို အထောက်အခံပေးသူ အနေနှင့်၊ စကား သို့မဟုတ် လုပ်ဆောင်မှုဖြင့် အနိုင်ကျင့်စော်ကားမှုခံရသူ ကို ကူညီပေးနိုင်ပါသည်။

 

လူတစ်ယောက်ယောက် အနိုင်ကျင့်စော်ကားလှုပ်ရှားမှု ခံနေ‌ခြင်းကို မိမိ မြင်ကြည့်လိုက်လျှင်၊ ဘေးမှရပ်ကြည့်နေသူအဖြစ် မလုပ်ရဘဲ အထောက်အခံပေးသူ အဖြစ် လုပ်ပါနော်။ ‌အော်ဟစ်ခေါ်သံပေးပါ။ စော်ကားခြင်းခံရသူနှင့် အတူတူရပ်တည်ကြပါ။ တချားသူများ၏ကူညီမှုကို ရှာဖွေကြပါ။

 

သူတပါး (အထူးသဖြင့် အနိုင်ကျင့်စော်ကားမှုကို ခံသူ) ကို အထောက်အခံပေးသူ အနေဖြင့်၊ လုပ်ဆောင်မှု ၅ ခု အောက်ပါအတိုင်း ရှိပါသည်။

 

1. ၁၊ အနိုင်ကျင့်စော်ကားမှုကို ခံနေရသူကို အထောက်အခံပေးရန် အောက်ပါအတိုင်း လုပ်ပါ။

  • အနိုင့်ကျင့်စော်ကားမှုကို ခံနေရသူကို ကူညီပေးပါ။ သူတို့အနားမှာ ရပ်တည်ကြပြီး၊ သူတို့ကို အားကိုးအားထားပေးသလို လုပ်ပါ။
  • ကူညီထောက်ပံ့မှုရှာဖွေရန် သူတို့အား တိုက်တွန်းပေးပါ၊ သို့မဟုတ်လျှင် သူတို့နှင့်အတူ ကူညီမှုများကို သွားရှာကြပါ။
  • သူတို့ တစ်ဦးတည်းသာ မဟုတ်ဘူး လို့ သိအောင် လုပ်ပါ။

 

2. ၂၊ ပျံ့လွင့်ဆောင်ရွက်ခြင်

အနိုင်ကျင့်စော်ကားမှုကို ကြားဖြတ် ပြတ်တောက်ရန် အောက်ပါ နည်းလမ်း တစ်ခုခု အတိုင်းလုပ်ပါ၊

  • အတူတူအပြင်ထွက်ပြီး လမ်းလျှောက်သွားချင် ပါသလား၊ သို့မဟုတ်လျှင့်၊ ကိစ္စ တစ်ခုခုကို သွားလုပ်ချင်ပါသလားလို့ အနိုင်ကျင့်စော်ကားမှုခံသူကို မေးကြည့်ပါ။
  • အနိုင်ကျင့်စော်ကားမှုအခြေအနေမှ ထွက်ခွါသွားနိုင်ရန် အကူအညီပေးပါ။

 

3. ၃၊ ခေါ်သံပေးလိုက်ပါအုံး။

  • အခြေအနေလုံချုံပါက အနိုင်ကျင့်စော်ကားသူအား သူတို့ ၎င်းလှုပ်ရှားမှု မရဘူးလို့ သတိပေးလိုပါသည်။
  • စော်ကားမှုခံရသူအတွက် မိမိ စကားဖြင့် မေတ္တာစိတ်နှင့်ကျေးဇူးပြုခြင်းကို ပေါ်ြပပေးပါ။
  • ဘေးမှရပ်ကြည့်ခြင်းကို မလုပ်ပါနဲ့။ စော်ကားမှုဖြစ်နေတုန်း ကိုယ်တိုင်အနေနှင့် အသံထွက် ‌‌‌‌‌ဝေဖန်မည်ဆိုလျှင် ခက်ပါသည်။ သို့သော်၊ ဒီလိုမျိုး‌ ဝေဖန်မှုဖြင့် အပြောင်းအလည်းကြီးကို ဆောင်ရွက်နိုင်ပါသည်။

 

4. ၄၊ ထွက်သွားပြီး အောက်ပါအတိုင်းဆောင်ရွက်ပါ၊

အနိုင်ကျင့်စော်ကားမှုဖြစ်နေလျက်၊ ကြားဖျန်ရန် လုံချုံမှုမရှိဘူးဆိုလျှင်၊

  • ၎င်းအခြေအနေမှ ထွက်သွားပါအုံး။
  • ဘေးကင်းသည့်အချိန်၌၊ အစော်ကားမှုခံသူအား မိမိက ဒီစော်ကားမှုကို မြင်ဲခ့သည်၊ မည်သို့သောအကူအညီလိုအပ်မည်ဆိုလျှင် တတ်နိုင်သ‌လောက် ကူညီပေမည်ဟု သိအောင် ပြောပေးပါ။
  • အခြေအနေသင့်လျော်သည့် အချိန်အခါ၌ စော်ကားလှုပ်ရှားသူနှင့် မထင်းမရှား ဖြစ်သော ‌‌‌‌စကား‌ပြောရန်လည်း တခါတလေ လိုပါသည်။

 

5. ၅၊ အခြား အကူအညီ များကို ရှာ‌ဖွေပါ။

အစော်ကားမှုကို ခံသူအား အချားအကူအညီများကို ရှာဖွေရရှိရန် အားကိုးပေးပါ။ ဥပမာ၊ မိသားစုများဆီမှာ ဆရာဆရမများဆီမှာ၊ မိမိယုံကြည်သောလူကြီးများဆီမှာ၊ သို့မဟုတ် ကူညီမှုပေးသော ဒယ်လီဖုန်းလမ်းကို ဖုန်းဆက် ပြီး သူတို့၏အကြံပေးချက်များ အတိုင်း ဆောင်ရွက် လိုက်ပါ။

 

အပြည့်အစုံတို့ကို အောက်ပါ ရှတ်အင်္ကျီ  ပန်းနု‌ရောင် နေ့ Pink Shirt Day စာမျက်နှာတွင် ရှာဖွေဖတ်ရှုခြင်းကို ကြိုဆိုပါ၏။

Pink Shirt Day https://www.pinkshirtday.org.nz

View or Download resources

PSD Burmese 2023

Categories

Pink Shirt Day

Is this information useful ?

Subscribe to our newsletter

We respect your privacy and do not tolerate spam.

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.